spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း၊ ခါးဘယ်ကျေးရွာမှာ ဝက်များ ရာနဲ့ချီ ဖျားနာပြီး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ခါးဘယ်ကျေးရွာမှာ ကျေးရွာခံတွေ တစ်နိုင်တစ်ပိုင် မွေးမြူကြတဲ့ ဝက်တွေ ရာနဲ့ချီ ဖျားနာပြီး သေဆုံးနေတယ်လို့ သိရပါတယ်။

“အိမ်ခြေက၉၀ဆိုတော့ တချို့ဝက်က ၂ကောင်၃ကောင် ၄၊ ၅ ၊ ၆ကောင် အဲ့မျိုးဆိုတော့ အကောင်ရေ အရာလိုက်ရှိမယ်။ အကောင်၁၀၀၊ ၂၀၀လောက်ဆုံးရှုံးသွားတယ်။ အဲ့ဝက်နာကျတာတစ်ခုက အယူအဆလို့ ပြောတော့မယ် ဒီဟာကို ဟိုးအရင်၂နှစ်၊ ၃နှစ်တစ်ကြိမ် အဲ့မျိုးဖြစ်တယ်။ ဒါမှမဟုတ်ရင် တစ်နှစ်တစ်ကြိမ် အဲ့မျိုးဖြစ်တယ်။”လို့ ကျေးရွာရဲ့အုပ်စုမှူးက ပြောပါတယ်။

ဝက်တွေဖျားနာချိန်မှာ ကုသနိုင်ဖို့ တိရစ္ဆာန်ဆေးကု ဆရာဝန်မရှိတာကြောင့် အိမ်တွင်းဆေးဝါးနဲ့ သိတတ်သလောက် ကုသကြပေမယ့် အဆင်မပြေဘဲ ဝက်နာကျပြီးသေဆုံးမှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

“အခုဒီတစ်နှစ်ကတော့ အခုကျနေဆဲပဲ သေနေဆဲပဲ မပြီးသေးဘူး သေနေဆဲပဲရှိနေသေးတယ်။ ကြက်ကော ကြက်လည်းနာကျတယ်။ နောက်တစ်ရက်ဆို တစ်အိမ်ဟာစပြီးသေပြီ နောက်တစ်ရက်ဆို တစ်အိမ်ဟာဖြစ်ပြီ။ အဲ့မျိုးနဲ့ တဖြည်းဖြည်းနဲ့ သူလာတယ်လေး။ အစာမစားတော့ဘူးဆိုရင် သူတို့ပြန်သတ်လိုက်ပြီ သူတို့ပြန်စားလိုက်တယ်။ အဲ့မျိုး သေသွားရင်လည်း အကောင်ကြီးဆို နှမြောကျတော့ ပြန်အခြောက်လှန်းထားတယ် အဲ့မျိုးရှိတယ်။”လို့ သူကဆက်ပြောပါတယ်။

ကျေးရွာခံတွေဟာ အိမ်မွေးဝက်တွေကို ရိုးရာပွဲ နဲ့ ကောက်ပဲသီးနှံရိတ်သိမ်းချိန်တွေမှာ ဟင်းဖိုးစရိတ် သက်သာစေဖို့ မွေးမြူထားကြတာဖြစ်ပါတယ်။ အခုလို ကြက် အပြင် ဝက်နာကျပြီး သေဆုံးမှုများနေတာကြောင့် ယခုနှစ် သီးနှံရိတ်သိမ်းချိန်မှာ ကျေးရွာခံတွေအတွက် ဆုံးရှုံးမှုရှိတယ်လို့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီတောင်ယာလုပ်ဖို့အတွက်မွေးထားတယ်။ ဟင်းဖိုးပေါ့ တောင်ယာရဲ့ဟင်းဖိုးပေါ့။ အဲ့လိုမျိုး ဆုံးရှုံးသွားတဲ့ခါကျတော့ သူတို့ဒီတောင်ယာလုပ်တဲ့ချိန်မှာ ဒီဟင်းဖိုးကတစ်ခေါက်ပြန်ရှာရတာပေါ့။ ဥပမာ ဒီမိသားစု စားမဲ့အထဲကနေပြန်ပြီး ဒီငွေတွေကို ပြန်ပြီးသုံးစွဲရတာပေါ့ “လို့ သူကပြောပါတယ်။

စက်တင်ဘာလကစပြီး ဝက်နာကျ သေဆုံးနေတာဖြစ်ပြီး လက်ရှိမှာလည်း သေဆုံးမှု ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာမှာ ဝက် ၊ ကြက် ၊ ကျွဲ ၊ နွား စတဲ့ တိရစ္ဆာန်တွေကို တစ်နိုင်တစ်ပိုင် မွေးမြူကြတာဖြစ်ပါတယ်။

နှစ်စဉ် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်း တချို့မှာ ဝက်၊ ကြက် သေဆုံးမှု ရှိနေတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts