KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
-ထူးချောင်းစခန်းဆုတ်ပေးရပြီးနောက် စစ်ကောင်စီကရဟတ်ယာဥ်နဲ့ အင်အားပြန်ဖြည့်နေ
-သတင်းမီဒီယာ လွတ်လပ်ခွင့် ကို တန်ဖိုးထားကာ အာမခံကြောင်း IPCM နဲ့ တွေ့ဆုံစဉ် IEC ပြော
-ထိုင်း- ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ ဝေပေးတာ နောက်ကျတာကြောင့် စစ်ဘေးရှောင်တွေ အခက်ကြုံနေရ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
–“လေလှိုင်းကလာမယ့် “အိမ်ပြန်နိုင်ပြီ ” အသံကို စောင့်မျှော်နားစွင့်နေကြသူများ” ဆိုတဲ့ဆောင်းပါးကို နားဆင်ရမှာပါ။အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ နဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။