spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

IEC မှ ပြည်နယ်တရားရုံးချုပ် ဖွင့်လှစ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ကြားကာလအစီအမံအရ ပြည်နယ်တရားရုံးချုပ်ကို ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့၊ ကရင်နီပြည်တစ်နေရာမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်နယ်တရားရုံးချုပ်ကနေတဆင့် ပြည်သူလူထုတွေအတွက် ပိုမိုကောင်းမွန်တဲ့ တရားစီရင်ရေးပြုလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ IEC ရဲ့ပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က ပြောပါတယ်။

“ကျနော်တို့ အလုပ်လုပ်တာတော့ ၆ လလောက်ရှိပြီပေါ့။ ၂၀၂၄ ၊ ၁ လပိုင်းမှာ ကျနော်တို့ တရားရေး၊ လွှတ်တော်တို့ကနေပြီးတော့မှ ကျနော်တို့ တရားသူကြီးရွေးချယ်ထားတယ်။ ပြီးတော့ IEC ကနေ ပြီးတော့မှ ၁လပိုင်းမှာ ခန့်ပေးတယ်။ အဆင့်ဆင့်သော တရားရုံးတွေမှာ ကျနော်တို့အလုပ်လုပ်နေတယ်ပေါ့။ ဒီနေ့ကတော့ ကျနော်တို့ပြည်သူတွေကို ဒီထက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်အောင် ဒီလိုမျိုး တရားရုံးရှိနေပြီဆိုတာကို အသိပေးချင်တာလည်းပါတာပေါ့ “လို့ ခူးပိုးရယ်က ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ကြားကာလ မြို့နယ်အဆင့် တရားရုံး ၃ ခု ၊ ခရိုင်အဆင့် တရားရုံး ၁ ခု ၊ ပြည်နယ်တရားရုံးချုပ် ၁ ခု ဖွင့်လှစ်ထားသလို ထပ်မံတိုးချဲ့သွားဖို့ ရှိတယ်လို့ သိရပါတယ်။

” ကျနော်တို့နဲ့ပါဝင်လာတာက ကရင်နီအစိုးရဘက်က တည်ထောင်ထားတဲ့ မြို့နယ်တရားရုံး ၄ရုံးရှိတယ် ၊ ခရိုင်တရားရုံးတစ်ရုံးရှိတယ်။ ဒီ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်တွေကတော့ ပြည်နယ်တရားရုံးချုပ်ရဲ့ ဦးဆောင်မှုနဲ့ပူးပေါင်းပြီးမှ သွားမှာဖြစ်တယ်” လို့ ခူးပိုးရယ်က ဆက်ပြောပါတယ်။

IEC အနေနဲ့ ရှိနှင့်ပြီးသား ကရင်နီပြည်အစိုးရ က ဖွင့်လှစ်ထားတဲ့ တရားရုံးတွေနဲ့ ပူးပေါင်းပြီး တရားစီရင်ရေးနဲ့ ဆက်စပ်တဲ့ လုပ်ဆောင်ချက်တွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts