KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်ကိုရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့ ဦးဆောင်ပြီး ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့
– တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီး နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွပ်စွဲပြော
– ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့သာ ခပ်ယူနေရ
စတဲ့သတင်းတွေနဲ့
– အပတ်စဉ်တင်ဆက်ပေးနေတဲ့ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကနေပြီး “ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ ဌာနဖွဲ့စည်းပြီးကာလမှာ ဘာတွေလုပ်ဆောင်နေသလဲ“ ဆိုတဲ့အကြောင်းကို နားဆင်ကြရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။