spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

စပါးပင်ပိုးကျလို့ စားဝတ်နေရေးမဖူလုံမှာကို ဒေသခံတွေ စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာတချို့က တောင်ယာစပါးခင်းတွေမှာ ပိုးကျပြီး စပါးပင်ပျက်စီးမှုရှိနေတာကြောင့် တောင်သူတွေနဲ့ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြတဲ့စစ်ရှောင်တွေဟာ စားဝတ်နေရေးမဖူလုံမှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“မိုးများတော့ သူ့အမြစ်ကလည်းသိပ်မတွယ်နိုင်ဘူး၊ နောက်ပြီးမှမြေပိုးကောင်ရှိတယ်ထင်တယ်။ စပါးရဲ့ခြေရင်းနားမှာ မဲတူးကုန်တယ် ၊ နောက်ခြလည်းစားတယ် အဲ့အတွက်ကြောင့် စပါးကမသန်တော့ဘူး။ သေကုန်တယ် ဘယ်လိုဖြစ်လာမလဲတော့ မပြောတတ်တော့ဘူး။ ကိုယ်စိုက်ထားတဲ့ဟာနဲ့ ကိုယ်မျှော်မှန်းထားတဲ့ဟာနဲ့ တစ်ဝက်ပြန်ရရင်တော့ ကျေးဇူးအများကြီးတင်တယ်လို့ပဲ ပြောရမှာပေါ့၊ စားဝတ်နေရေးအတွက်တော့ဒီနှစ်တော့ မဖူလုံလောက်ဘူးလို့ထင်တယ် “လို့ သူက ပြောပါတယ်။

အနောက်ဖက်ခြမ်းဒေသရှိ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရွေ့ပြောင်းတောင်ယာကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုနှစ်အတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုရှိပြီး မြေဆီလွှာလည်း တိုက်စားခံရတာကြောင့် စပါးပင်တွေ အမြစ်မတွယ်နိုင်ဘဲ သီးနှံထွက်နှုန်း လျော့ကျနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေထပ် ယခုနှစ်အတွင်းမှာတော့ စပါးနှံထွက်ချိန်မှာ ကြွက် ၊ အင်းဆက်ပိုးကောင်တွေ ဖျက်ဆီးမှုအပြင် ပိုးကျတာ ပိုများတယ်လို့ ဆိုပါတယ်။

“အရင်နှစ်ဆိုပိုကောင်းတယ် ဒီတစ်နှစ်ကပိုဆိုးတယ် လူတိုင်းပါပဲ ဒီနှစ်ကပိုဆိုးတယ်။ ဖြစ်ကုန်ကြတယ် သေကုန်ကြတယ်။ စပါးတွေက အမြစ်မတွယ်နိုင်တော့ အများပိုင်းဆို သေကုန်တယ် အနှံလည်းထွက်နိုင်မယ်လို့မထင်ဘူး။ သုံးပုံတစ်ပုံလောက်ပျက်စီးမယ် အပင်တွေသေကုန်လို့ပေါ့။ သေကုန်တော့ ပျက်စီးကုန်တာလေး အကောင်တွေဖျက်တော့ ပျက်စီးကုန်တယ်၊ နောက် တချို့ကြွက်လည်းဖျက်တော့ ပျက်စီးတယ် ” လို့ အဆိုပါ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

စားဝတ်နေရေးအတွက် စပါးတမျိုးတည်းကိုသာ အားထားစိုက်ပျိုးထားတာကြောင့် စပါးအပင်မသန်တဲ့အတွက် ဝမ်းရေးပူပန်နေရတယ်လို့ ကျေးရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တစ်ဝက်ပျက်တော့ မလောက်တော့ဘူးလေ။ သားသမီးတွေလည်းများတော့ စားတဲ့တစ်နှစ်စာတော့ တစ်ဝက်ပဲ ပိုရရင်ရမှာပေါ့ လုပ်ချင်စိတ်မရှိတော့ဘူး မလုပ်ရင်လည်းမကောင်းဘူး လုပ်ရင်လည်းပင်ပန်းရုံပဲရှိတာ။ လုပ်စားရင်လည်း စားဖို့လည်း မလောက်တော့ဘူးလေ။ အဲ့လိုမျိုးစဉ်းစားမိတော့ငိုချင်တယ်” လို့ သူက ပြောပါတယ်။

ဖရူဆိုအနောက်ဘက်ခြမ်းမှာ ရွေ့ပြောင်းတောင်ယာကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး တောင်ယာစပါးအပြင် ပြောင်းဖူး ၊ ပြောင်းကောက် ၊ ငရုတ်သီး ၊ သခွား ၊ ဖရုံသီး စတဲ့သီးနှံကိုလည်း စိုက်ပျိုးကြပါတယ်။

spot_img
spot_img

Recent posts