spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

နှစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဝင် ၆ ဦး ဘက်ပြောင်းခိုလှုံလာ၊ ရဲမေ ၂ ဦးပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဘောလခဲမြို့မရဲစခန်းက အမျိုးသမီးရဲမေ ၂ ဦး၊ ရဲတပ်သား ၃ ဦး (စုစုပေါင်း ၅ဦး) နဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ရဲတပ်သားတစ်ဦး တို့ဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြကာလဖြစ်တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ ရဲမေတွေ CDM ပြုလုပ်တာရှိပေမဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ပထမဆုံးအကြိမ် ရဲမေ ၂ ဦး ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ရဲမေတွေကတော့ ဒါအခုတစ်ကြိမ်မှ အလင်းဝင်လာဖူးတာဖြစ်ပါတယ်။ အရင်ကတော့ စီဒီအမ်လုပ်လာတဲ့ ရဲမေတွေတော့ရှိတာပေါ့နော်။ ဒီ စစ်အာဏာသိမ်း စသိမ်းချိန်ကတော့ ရှိတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲစဖြစ်တဲ့ နောက်ပိုင်းဆိုရင်တော့ အခုမှ ဝင်လာတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့ကာလမှာတော့ ဝင်လာဖြစ်တာပေါ့နော်။ ဒီ ၂၀၂၁ ဆန္ဒပြတဲ့ ဒီဖေဖော်ဝါရီ တို့ မတ်တို့မှာပဲ အများဆုံးဝင်လာတာဖြစ်တာပေါ့နော်”လို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေဟာ စစ်ကောင်စီအပေါ် အယုံအကြည်မရှိတော့တာကြောင့် ပြည်သူနဲ့ လာရောက်ပူးပေါင်းခြင်းဖြစ်တယ်လို့ အဆိုပါ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

“စစ်ကောင်စီ သူ့အောက်ခြေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေက အယုံအကြည်မရှိတော့ဘူး။ စတဲ့ ဒီအကြောင်းပြချက်တွေကြောင့်ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ စစ်ကောင်စီနဲ့ ဆက်ပူးပေါင်း နေမယ်ဆိုရင် ဒါပြည်သူတွေရဲ့ ဒဏ်ခတ်တာကို ခံရမှာဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ ဆက်မပေါင်းတော့ပဲနဲ့ ပြည်သူနဲ့ လာပူးပေါင်းခြင်းဖြစ်တယ်ပေါ့နော်” လို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ၆ဦးဟာ ဘောလခဲမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လက်နက်ငယ် ၅ လက်၊ ခဲယမ်းတွေနဲ့ အတူ အမျိုးသား (၃)ဦး နဲ့ အမျိုးသမီး (၂) ဦး၊ ဒီဇင်ဘာလ (၅) ရက်နေ့မှာတော့ ရဲတပ်သား အမျိုးသားတစ်ဦးဟာ မိသားစုဝင်တွေနဲ့ အတူ လက်နက်ငယ် (၁) လက် ယူဆောင်လာကာ KNDF ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts