spot_imgspot_imgspot_imgspot_img
Tuesday, February 4, 2025
spot_imgspot_imgspot_imgspot_img

ဝါရီဆူးပလိုင်ကျေးရွာအတွင်း ရွာခံဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ အမျိုးသား လူအရိုးစု တစ်ခုထပ်မံတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့အနီး၊ ဝါရီဆူးပလိုင်ကျေးရွာမှာ အမျိုးသား လူအရိုးစု တစ်ခုကို ယမန်နေ့ ‌ဖေဖော်ဝါရီ ၁ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အဆိုပါ အရိုးစုဟာ အသက် ၅၄နှစ်အရွယ် ဦးစံထွန်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ကျေးရွာအတွင်းက ရေတွင်းတခုထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့ညမှာတွေ့ခဲ့တာ။ ရွာသားဖြစ်ကြောင်းလည်း အတည်ပြုရခဲ့တာပေါ့နော်။ ခေါင်းရိုးအကုန်ကွဲတယ်။ တော်တော်ရက်စက်ထားတာနဲ့တူတယ်။ သူက အရင်ကတော့ရွာသားဘဲ။ အိမ်ထောင်ကျမှသူနာနတ်တောရပ်ကွက်ဖက် (လွိုင်ကော်) ပြောင်းနေလိုက်တယ်။ “ လို့ သူက ဆိုပါတယ်။

လူအရိုးစုကို စစ်ဆေးတွေ့ရှိချက်အရ မသေဆုံးခင် ဖမ်းဆီးနှိပ်စက်ခြင်းခံရနိုင်တယ်လို့ အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

“စစ်ဖြစ်တဲ့ရက်တော့ ရွာက သူ့ ညီအိမ်မှာပြန်လာနေတယ်ပေါ့။ သူများထွက်ပြေးတဲ့ချိန်တော့သူမပြေးဘူးလို့ထင်ရတယ်။ အဲ့တာ မနေ့ညတော့သူ့ညီရေတွင်းထဲမှာပြန်တွေ့ခဲ့တယ်ပေါ့။ ဒီရက်တော့ ကယန်းထုံးစံရှိတဲ့အတိုင်းပြုလုပ်ပြီး သဂြိုလ်တယ်ပေါ့” လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာလည်း ကျေးရွာအတွင်း အမျိုးသား အရိုးစု ၂ခု တွေ့ရှိခဲ့ပါသေးတယ်။

ဝါရီဆူးပလိုင်ကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့မှာ တစ်ကြိမ် ၊ ဒီဇင်ဘာ ၄ရက်နေ့မှာ တစ်ကြိမ် ၊၂၀၂၅ ခုနှစ်အတွင်း ဇန်နဝါရီ ၂၁ ရက်နေ့မှာ တစ်ကြိမ်နဲ့ လက်ရှိ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း လူအရိုးစု ၆ခုကို တွေ့ရှိထားပြီဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts