spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ယခုရက်ပိုင်း လွိုင်ကော်မြို့ အတွင်း ရေ အနည်းငယ် ပြန်ကျဆင်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့တွင်းမှာ စက်တင်ဘာလအတွင်း စံချိန်တင် ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ယခုရက်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျဆင်းလာပြီလို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

”နှစ်ထပ်စျေး တံတား ရေ ပြန်ကျသွားပြီ။ ရေက တစ်ပတ် အတွင်း သိသိသာသာ လေး ကျလာပါပြီ။ ကားတွေ မောင်းလို့ရပြီ ဆိုင်ကယ်လည်း ကရုစိုက်မောင်းရင်တော့ ရပါတယ်။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းရေမြှင့်တက်မှုကြောင့် မြို့တွင်း ရပ်ကွက်အများစုမှာ ရွေ့ပြောင်း နေထိုင်ခဲ့ကြရပြီး သွားလာရေးမှာလည်း အခက်အခဲကြုံခဲ့ရတာဖြစ်ပါတယ်။ ရေ မြှင့်တက်လာမှုကြောင့် လောပိတ ရေအားလျှပ်စစ် စက်ရုံအတွင်းလည်း ရေဝင်ရောက်နေတာကြောင့် လွိုင်ကော်တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

”မီးပျက်တာ က ကြာပြီ ၊ ဖုန်းလိုင်းတွေလည်း မကောင်းတော့ဘူး အင်တာနက် ဆို သုံးမရတော့ဘူး။ အော်ရီဒူး ဖုန်းတော့ အချို့နေရာတွေလိုင်းရတယ် ပြောတယ် ၊ သေချာတော့ မသုံးရသေးဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ စစ်ကောင်စီဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာပဲ ဆက်လက် နေထိုင်သူရှိတယ်လို့ သိရပါတယ်။

”ရေကကျတယ်ဆိုပေမယ့် နမ့်ကွက် ရပ်ကွက်တို့လိုဆိုရင် ပြန်နေရဖို့ ၁၀ ရက် မက စောင့်ရဦးမယ် ထင်တယ်။ နောက် ပြန်လည် ထူထောင်ရေးအတွက်လည်း အကူအညီတွေ အများကြီး လိုဦးမယ် ”လို့ လွိုင်ကော်ဒေသခံ ပရဟိတ သမားတစ်ဦးကလည်း ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ ရေကြီးနေတဲ့ အတောအတွင်း ရေဘေးရှောင်ပြည်သူတွေအတွက် ပရဟိတသမားတွေအပြင် လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကျော်ကြားတဲ့ အနုပညာတွေလည်း လာရောက်လှူဒါန်းပေးခဲ့ကြပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ဘီလူးချောင်းရေ တဖြည်းဖြည်းရေမြှင့်တက်လာပြီးနောက် မြို့တွင်းရပ်ကွက်တချို့ ရေနစ်မြှုပ်ခဲ့ရပါတယ်။

spot_img
spot_img

Recent posts