spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

မီးလောင်သွားတဲ့ လွိုင်ကော်မြို့ သီရိမင်္ဂလာစျေး ( တောင်စျေး ) မှာ ယာယီစျေးတွေဖွင့်ပြီး ရောင်းချ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် လွိုင်ကော်ြမို့မှာ တိုက်ပွဲတွေကြား မီးလောင်ပြာကျသွားတဲ့ သီရိမင်္ဂလာစျေး ( တောင်စျေး )ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေပြီး လက်ရှိမှာတော့ ယာယီစျေးအဖြစ် ဖွင့်လှစ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အခုကတော့ တောင်စျေး( သိရိမင်္ဂလာစျေး )မှာ ယာယီစျေးအနေနဲ့ ဖွင့်လှစ်ထားတာရှိတယ်။ အသီးအရွက်စျေးတန်းတွေပဲ အဓိက ရောင်းကြတာပေါ့။ အထည်စျေးတွေ အခုထိမဆောက်ရသေးဘူး။”လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ မေလကတည်းက လွိုင်ကော်မြို့ သိရိမင်္ဂလာစျေး ( တောင်စျေး ) ကို ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိ ဖွင့်လှစ်နေတဲ့ ယာယီစျေးမှာ စျေးရောင်းချလိုသူတွေက လာရောက်လျှောက်ထားပြီး မဲနှိုက်စနစ်နဲ့ နေရာချထားပေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တောင်စျေးကို နှစ်ထပ်အဆောက်အအုံနဲ့ ဆောက်လုပ်သွားဖို့ လျာထားတယ်လို့ လွိုင်ကော်ဒေသခံတွေဆီက သိရပါတယ်။ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့တွေမှာတော့ လူထုတွေ သွားလာနိုင်ပြီး နေထိုင်သူတွေရှိနေပေမယ့် တချို့ရပ်ကွက်တွေမှာတော့ နေထိုင်လို့ မရသေးပါဘူး။

လွိုင်ကော်မြို့အဝင်အထွက်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုခံယူပြီးသာ သွားလာနိုင်တယ်လို့ ဆိုပါတယ်။

တောင်ကြီး-ပင်လောင်း-လွိုင်ကော်ကို ပြေးဆွဲတဲ့ ယာဉ်ကားတွေရှိနေပေမယ့် လိုင်းကားငယ်တွေသာဖြစ်ပြီး ယာဉ်လိုင်းကားကြီးတွေတော့ ပြန်လည်ပြေးဆွဲတာမျိုး မရှိသေးပါဘူး။

spot_img
spot_img
spot_img

Recent posts