spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

သတင်းအချက်အလက်ရယူမှုမှာ တာဝန်ယူမှု/ တာဝန်ခံမှုရှိဖို့ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအဖွဲ့ ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း- ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းက ပြည်သူ့လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တာရားတွေ ကို ထိပါးနှောက်ယှက်မှုမဖြစ်စေဖို့အတွက် သတင်းအချက်အလက်ရယူမှုမှာ တာဝန်ယူမှု/တာဝန်ခံမှု ရှိဖို့ ပြည်သူလူထုတောင်းဆိုတယ်လို့ ယမန်နေ့ ဖေ‌ဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ ဖယ်ခုံမြို့နယ် ထဲက ကျေးရွာ အုပ်စု ၁၃ စု ရဲ့ အုပ်ချုပ်ရေး တံဆိပ်တုံး ထုပြီး ထုတ်ပြန်ထားတာပါ။

“ပြောရမယ်ဆိုရင် စစ်ကောင်စီ စစ်မြေပြင် အများဆုံးနဲ့ စစ်အဖြစ်ဆုံးပေါ့နော်။ ဆိုတော့ ပြည်သူတွေကလည်း အပြေးရဆုံးမြို့နယ်ပေါ့။ အဲ့တော့ လုံခြုံရေးအရပေါ့ သတင်းတွေဖော်ပြမည်ဆိုရင်လည်း မှန်ကန်ဖို့ တိကျဖို့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ပေါ့နော်။ မြေပြင်နဲ့ သတင်းက လွဲနေရင်လည်း မြို့နယ်က တာဝန်ရှိလာတဲ့ဟာရှိတော့ အခုလို သဘောထားထုတ်ပြန်လိုက်ရတာဖြစ်တယ်။”လို့ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီရုံးရဲ့ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒီထုတ်ပြန်ချက်က ကြားကာလ အနေအထားအရ အုပ်ချုပ်ရေးယန္တရားကို စွက်ဖက်မခံလိုတာဖြစ်ပြီး သတင်းအမှောင်ချလိုက်တာဖြစ်တယ်လို့ ကရင်နီအမျိုးသမီး သတင်းထောက်တစ်ဦးကပြောပါတယ်။

“အဓိကကတော့ သူတို့ အုပ်ချုပ်ရေးယန္တရားကသာလျှင် အရေးကြီးဆုံးပဲ။ လူထုဖြစ်ဖြစ် မီဒီယာ ဖြစ်ဖြစ် သူတို့ကြိုးဆွဲရာ ကရမယ်လို့ ဆိုလိုတာနဲ့တူတူပဲ ထင်တယ်။ အနုနည်းနဲ့ သတင်းအမှောင်ချတာပေါ့။” လို့ ထုတ်ပြန်ချက်အပေါ်မှာ မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် ဒီထုတ်ပြန်ချက်ဟာ လယ်ထွန်ကျေးရွာ အထက်တန်းကျောင်းရဲ့ ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းက ကျောင်းသား ခုနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်စဉ်နောက်ဆက်တွဲ အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေ ပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ လည်း ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေး ကောင်စီရုံးရဲ့ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ကျောင်းဆရာ ကိစ္စသတင်းပေါ့နော် မြေပြင်နဲ့ သတင်းက လွှဲနေတော့ လူထုကလည်း မြို့နယ်ဖက်ကို တအားဖိအားပေးလိုက်တော့ မြို့နယ်ကလည်း တာဝန်ရှိလာတော့ တော်တော့်ကိုဖြေရှင်းလိုက်ရတာပေါ့ အာ့ကြောင့် အခုလို သဘောထားထုတ်ပြန်လိုက်ရတာပါ” လို့ ဆိုထားပါတယ်။

ကရင်နီပြည်အခြေစိုက် ဖယ်ဒရယ်FM သတင်းဌာန ရဲ့ အယ်ဒီတာချုပ် ကိုတင့်ဇော်ဟိန်းကတော့ ဒီထုတ်ပြန်ချက်ဟာ အုပ်ချုပ်ရေးနဲ့ မီဒီယာတွေကြား ပွတ်တိုက်မှုဖြစ်ပြီး ဒီလိုပွတ်တိုက်မှုမျိုး မဖြစ်ဖို့ ကြားခံညှိနိုင်ပေးမယ့် အဖွဲ့အစည်းတွေလိုတယ်လို့ ဆိုပါတယ်။

“ဒီလိုပွတ်တိုက်မှုတွေက နောက်ပိုင်းရှိဦးမှာပဲ ဆိုလိုတာက အုပ်ချုပ်ရေး ယန္တာယား ထိပါးတယ်ဆိုတာက တစ်ခုခုဖြစ်ပြီ၊ အခွင့်အရေးချိုးဖောက်ပြီဆိုရင် အုပ်ချုပ်ရေးယန္တာယား ၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကပဲ လုပ်ဖြစ်ကြတာ။ ဆိုတော့ အဲလိုပုံစံမျိုးမှာ သတင်းလွတ်လပ်ခွင့်ကို ခုကန ကျနော်ပြောတဲ့ သတင်းစာကျင့်ဝတ်နဲ့ပဲ ယူရင်ရပါတယ်ဆိုတာကို ပြောလို့ရတယ်ပေါ့နော။ တာဝန်ယူရမယ်၊ တာဝန်ခံရမယ်ဆိုတာတွေက ဘယ်လိုအပိုင်းမျိုးကိုပြောတာလဲပေါ့ ဒီလိုအချိန်မှာ အန္တာရယ်အရမ်းရှိတယ်။” လို့ ဖယ်ဒရယ် FM ရဲ့ အယ်ဒီတာချုပ် ကိုတင့်ဇော်ဟိန်းကပြောပါတယ်။

‌‌ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှူးတွေ၊ ကျေးရွာတာဝန်ခံတွေ နဲ့ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီဝင်တို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ပြီး သဘောတူဆုံးဖြတ်ချက်ချမှတ်ကာ ထုတ်ပြန်ချက်ထုတ်ခဲ့တာ ဖြစ်တယ်လို သိရပါတယ်။

ဖယ်ခုံမြို့နယ်မှာတော့ အုပ်စု ၁၃ ခု ရှိပြီး ကျေးရွာပေါင်း ၁၅၉ ရွာရှိကာ သဘောတူဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ တာဝန်ရှိသူအသီးသီးက လူဦးရေ ၄၀ ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts