Copyright © 2026 All Rights Reserved by Kantarawaddy Times
နေအပူရှိန်မြင့်တက်လာပြီး စိုက်ခင်းရေတွင်းတချို့ ရေခမ်းတာ ပိုမြန်လာတယ်လို့ တောင်သူဆို
ကန္တာရဝတီတိုင်း ( မ် )နေအပူရှိန် သိသိသာသာ မြင့်တက်လာတာကြောင့် ခြံစိုက်တောင်သူတွေရဲ့ စိုက်ခင်းအတွင်းက ရေတွင်းတချို့မှာ ပြီးခဲ့တဲ့နှစ်တွေထက် ရေခမ်းခြောက်မှု ပိုမြန်လာတယ်လို့ ဒီးမော့ဆိုတောင်သူတွေက ပြောပါတယ်။ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ ရေတွင်းရေ အခုလောက် လျော့နည်းတာမရှိပေမယ့် ဒီနှစ်မှာတော့ ရေပမာဏ သိသိသာသာ လျော့နည်းလာနေပြီလို့ ဆိုပါတယ်။“နေပူတယ်ကော ဒီနှစ်လည်း...
ဗုံးသံတွေ တိတ်သွားပေမဲ့ ကလေးတွေရဲ့ ရင်ထဲက ကြောက်စိတ်တွေ မတိတ်နိုင်သေး
ကန္တာရဝတီတိုင်း(မ်)“ကလေးကတော့ စိတ်ဒဏ်ရာ အရမ်းဖြစ်သွားတယ်။ ကျောင်းဝင်းထဲကိုတောင် လာဖို့ မရဲတော့ဘူး။ ရေသွားခပ်ခိုင်းလည်း မသွားရဲတော့ဘူး။ စိတ်ဒဏ်ရာကတော့ အရမ်းပြင်းထန်သွားပြီ။” လို့ ကျောင်းနေအရွယ် ကလေးတစ်ဦးဖြစ်တဲ့ အသက် ၁၂နှစ် အရွယ် မော်ဦးမြာရဲ့ ဖခင်က ပြောပါတယ်။မနက်မိုးလင်းလို့ မနက်စာစားပြီး လွယ်အိတ်ကလေးလွယ်ကာ ပုံမှန်ကျောင်းတက်နေခဲ့တဲ့ မော်ဦးမြာဟာ အခုအချိန်မှာတော့...




