spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မာဝင်းနှင့် အင်တာဗျူး

Author

Date

Category

“ကျွန်မအနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလုပ်ဆောင်သွားမှာဖြစ်ပါတယ်”

နော်ဒွေးအယ်ခူ

လာမည့် ငါးနှစ်တာလွှတ်တော်သက်တမ်းအတွင်း မိမိဒေသအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စတွေ၊ ဒေသခံအမျိုးသမီးတွေအတွက် ဆောင်ရွက်ပေးမည့် အစီအမံတွေ၊ နိုင်ငံရေးမှာ အမျိုးသမီးအသံ ပိုမိုပါဝင်ရေးအတွက် ဆောင်ရွက်မည့် ကိစ္စရပ်တွေနှင့်ပတ်သက်ပြီး ကယားပြည်နယ် ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ခင်မာဝင်းအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး – ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီဝင်အနေနဲ့ ဘာကြောင့် ဝင်ရောက်အရွေးခံဖြစ်တာလဲ။
ဒေါ်ခင်မာဝင်း – ကျွန်မအနေနဲ့ဘာကြောင့်အရွေးခံဖြစ်လဲဆိုရင် ရှားတောမြို့နယ်အတွက် ပြည်နယ်အတွက် အမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာဦးဆောင်နိုင်ဖို့ အမျိုးသမီးများကို ဆွဲခေါ်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

မေး – မကြာခင်မှာ လွှတ်တော်တက်ရတော့မှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ရောက်အနေနဲ့ မိမိဒေသအတွက် ဘာတွေဆောင်ရွက်ပေးဖို့ ရှိမလဲ။
ဒေါ်ခင်မာဝင်း – ကျွန်မအနေနဲ့ နဂိုကတည်းက ၁၉၉၁ ကနေ ၁၉၉၃ ခုနှစ်အထိကို အမျိုးသမီးရေးရာ အတွင်းရေးမှူးလုပ်ပါတယ်။ ၉၃ ကနေ ခုချိန်ထိ မိခင်နှင့်ကလေး အတွင်းရေးမှူးပေါ့နော်။ အမျိုးသမီးအတွင်းရေးမှူးလုပ်တော့ ကျွန်မအမျိုးသမီးတွေကို နိုင်ငံရေးမှာတအားပါဝင်စေချင်တယ်။ နောက်ပြီးတော့ အရှေ့ကိုလည်း ရောက်စေချင်တယ်။ အသိအမြင်လည်းဖွင့်စေချင်တဲ့အတွက်ကြောင့်မလို့ ကျွန်မအနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး – ရှားတောမြို့ခံ အမျိုးသမီးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဒေါ်ခင်မာဝင်း – အားနည်းနေသေးတယ်။ သူတို့တွေက ရှေ့ထွက်ရမှာကို ကြောက်နေသေးတယ်။ ပါဝင်တဲ့သူရှိပေမယ့်လည်း ပါဝင်မှုအားနည်းနေသေးတယ်။ ပဋိပက္ခနယ်မြေဆိုတော့ အကြောက်တရားတွေအ မြဲတမ်း လွှမ်းမိုးနေတဲ့အတွက်ကြောင့်လည်း အမျိုးသမီးတွေရှေ့ထွက်ရမှာ ကိုကြောက်တာက တစ်မျိုး၊ ကျား မ တန်းတူအခွင့်အရေးပေါ့။ အိမ်ထောင်ရှိတဲ့သူဆိုလည်း ယောကျာ်းရဲ့ခွင့်ပြုချက်မရတာက တစ်မျိုး၊ မိသားစုတွေရဲ့ အားပေးမှုကိုမရတာကလည်း တစ်မျိုး။ ပတ်ဝန်းကျင်မှာအမျိုးသမီးတွေခေါင်းဆောင်မှုက နည်းနေသေး တယ်လို့ ထင်တယ်။ ကျွန်မတို့ဆီမှာ ၂၀ရာခိုင်နှုန်းလောက်ပဲရှေ့ကိုထွက်ရဲသေးတယ်။ ကျွန်မတို့ကိုယ် တိုင်ကြိုး စားရမယ်။ လွှတ်တော်ထဲရောက်လာခဲ့ရင် အမျိုးသမီးတွေရှေ့ထွက်ရဲအောင် ကြိုဆိုရမယ်။ ဆွေးနွေးပွဲတွေလုပ် ပေးရမယ်။ လေ့ကျင့်ပေးရမယ်ပေါ့နော်။
မေး – ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးအသံတွေပါဝင်လာဖို့ လုပ်ဆောင်သွားဖို့ရှိလား။
ဒေါ်ခင်မာဝင်း – ကျွန်မတို့မြို့နယ်မှာက တိုက်ပွဲတွေအမြဲတမ်းဖြစ်နေတဲ့အတွက်ကြောင့်မို့၊ အကျပ် အတည်းနဲ့ရင်ဆိုင်ရသလို၊ စီးပွားရေးအခက်အခဲလည်းရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလည်း အရမ်း ကို နိမ့်ကျပါတယ်။ အဲဒီအတွက်ကြောင့်မလို့ ဒီအမျိုးသမီးတွေရဲ့အသံကအရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်အောင် ကျွန်မကြိုးစားချင်တယ် ဒီကဏ္ဍမှာလည်း အမျိုးသမီးအသံပါလာစေချင်တာပေါ့။

မေး – ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးအသံပိုပြီးပါဝင်လာအောင် ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။
ဒေါ်ခင်မာဝင်း – အမျိုးသမီးတွေအသံထိရောက်မှုရှိလာအောင် မညီမျှမှုတွေအတွက် ကျား/မတန်းတူအခွင့်အရေး တွေကို သင်တန်းပေးရမယ်။ ဆွေးနွေးရမယ်။ အမျိုးသမီးတွေ ပါဝင်နိုင်အောင် ဥပဒေအမြင်ဖွင့်သင်တန်း တွေပေးရမယ်။ အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့ဥပဒေတွေ သူတို့သိလာလို့ရှိရင် များများပါဝင်နိုင်မယ်လို့ ထင် တယ်။

မေး – ရှားတောမြို့ဟာ တစ်ချိန်တစ်ခါက ဖြတ်လေးဖြတ်ထဲမှာပါဝင်ဖူးသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးသွားရတဲ့သူတွေရှိတယ်။ အခုသူတို့ကို နေရပ်ပြန်ဖို့ရှိနေတယ်ပေါ့။ ဒါကြောင့် နေရပ်ပြန်လာသူတွေ အတွက် လွှတ်တော်ကနေ ဘယ်လိုဆောင်ရွက်သွားမလဲ သိချင်ပါတယ်။
ဒေါ်ခင်မာဝင်း – အကြိမ်ကြိမ်ဆွေးနွေးဖူးပါတယ်။ ဆွေးနွေးပွဲတွေတက်ရောက်တဲ့အခါမှာ နေရပ်ပြန်သူတွေ အတွက် အခုဆိုရင် ရှားတောမြို့မှာ ရွေ့ပြောင်းတောင်ယာဖြစ်ဖြစ် တောင်ယာပဲဖြြစ်ဖစ် သူတို့အတွက်ကို ရည်ရွယ်ပြီးတော့ ပုံစံ(၇)မပေးသေးတာတွေရှိတယ်။ ဒါကြောင့်ကျွန်မတို့အစိုးရကိုတောင်းဆို မယ်။ အနည်းဆုံး သုံးနှစ်လောက်ကို ထောက်ပံ့ပေး သူတို့လုပ်ကိုင်စားသောက်ဖို့ကို နေရာပေး အဲလိုစဉ်းစားထားတယ်။ နောက်ပြီးတော့ တန်ဖိုးနည်းအိမ်ယာလေးတွေဆောက်ပေးဖို့အတွက် ကျွန်မတို့ ဆွေးနွေးဖူးတယ်။

မေး – လက်ရှိ ပြည်နယ်အစိုးရအနေနဲ့ နေရပ်ပြန်သူတွေကို ထောက်ပံ့ပေးမှုတွေရှိလား။
ဒေါ်ခင်မာဝင်း – ကျွန်မတို့ရှားတောမြို့မှာတော့မရှိဘူး။ ပါလောင်းမှာတစ်အိမ်ရှိတယ်။ မယ်စဲ့ဖက်မှာလည်းရှိတယ် လို့ကြားတယ်။ အဲဒီအတွက်က အမျိုးသမီးတွေကို စောင့်ရှောက်ပေးတာမျိုးတို့ ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ပေးထားတာမျိုးတို့ စောင့်ကြည့်ပေးနေတာတော့ ကြားရတယ်။

မေး – ထပ်ပြီးဖြည့်စွက်ပြောချင်တာတွေရှိရင်ပြောနိုင်ပါတယ်။
ဒေါ်ခင်မာဝင်း – ကျွန်မအနေနဲ့ အခုလွှတ်တော်ထဲပါလာတာ အမျိုးသမီးအရေးအတွက် ကိုယ့်မြို့နယ်အတွက် ပြည်နယ်အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်မတကယ်ပဲ တာဝန်ထမ်းဆောင်တဲ့အခါကျရင်တော့ အကုန်လုံး အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပေးပါတယ်။

spot_img
spot_img

Recent posts