spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

မဖြေရှင်းနိုင်သေးတဲ့ နှစ်စဉ်နွေချိန်ခါရေရှားပါးတဲ့ပုစ္ဆာ

Author

Date

Category

ခွန်းကလိုင်းဖရီး၊ စိုးထိုက်အောင်

တနောကလောကျေးရွာဟာ ကယား(ကရင်နီ)ပြည်နယ်ရဲ့ အဓိကကျောရိုးလမ်းမကြီးလို့ ပြောနိုင်တဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့တွေကို ဆက္သြယ္ထားတဲ့ မိန်းလမ်းမကြီး ဘေးမှာ တည်ရှိပါတယ်။

လမ်းပန်းဆက်သွယ်ရေးလွယ်ကူမယ့် ကားလမ်းကြီးဘေးမှာ အခြေချနေထိုင်ဖို့ ၂၀၁၀ ခုနှစ်မှာ စတင်ရွေ့ပြောင်းလာပြီးတော့ ကျေးရွာရဲ့နာမည်ကို တနောကလောကျေးရွာအဖြစ် အတည်ပြုပြီး ပြီးခဲ့တဲ့ လမွာပဲ ကျေးရွာ ဆိုင်းဘုတ်စိုက်ထူနိုင်ခဲ့ပါတယ်။

လောကျေခူဒေါသဲဆိုတဲ့ရွာဟောင်းမှာ နေခဲ့စဉ်ကလည်း ရေအဆင်မပြေတဲ့အပြင် လေမုန်တိုင်းဒဏ်ပါခံခဲ့ရလို့ နယ်မြေသစ်ကို ရွေ့ပြောင်းလာပေမယ့် ရေရှားပါးတဲ့ပြဿနာကတော့ ရှောင်လွှဲလို့ မရခဲ့ဘူးလို့ တေနာကေလာ ကျေးရွာ ရပ္မိရပ္ဖ ဦးဖေရးရယ္က ဆိုပါတယ်။

အခုဒီတစ်လပိုင်းကနေ စလာပြီဆိုလို့ရှိရင် မိုးကလည်း မရွာတော့ဘူး။ နောက်ပြီး ရေထွက်တာလည်း နည်းလာတယ်။ အခုတောင်မှ ပိုက်တစ်ဝက်မဟုတ်ဘူး။ လေးပုံတစ်ပုံတောင်မဝင်တော့ဘူး။ မဝင်တဲ့အခါကျ တော့ ရေက တော်တော်လေးအခက်အခဲရှိသွားတယ်။ နှစ်တိုင်းလိုလိုပါပဲ။ ဟိုးရွာဟောင်းမှာလည်း ဒီလိုပဲ ဒီမွာ လည်း ဒီလိုပဲ။

အခုကျေးရွာက အသုံးပြုနေတဲ့ရေဟာ ဖရူဆိုကနေ သွယ်ယူလာတဲ့ စိမ့်စမ်းရေဖြစ်ပြီးတော့ အဲ့ဒီရေအရင်း အျမစ္ကို တခြားရွာတွေနဲ့လည်း မျှဝေသုံးနေရတယ်လို့ ဆိုပါတယ်။

လောကျခူဒေါသဲရွာဟောင်းမှာတော့ အိမ်ခြေ ၃၀ ကျော်နဲ့ လူဦးရေ ၁၀၀ ကျော် ဆက်လက်နေထိုင်နေပေမယ့် ရေအခက်အခဲကတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အသစ်တည်ထောင်လိုက်တဲ့ တနောကလောကျေးရွာဟာ ဖရူဆိုမြို့နယ်၊ မာရော်ရှေ့ကျေးရွာအုပ်စုမှာ တည်ရှိပြီးတော့ အိမ်ခြေ ၃၈ အိမ်နဲ့ လူဦးရေ ၁၈၀ ခန့်ရှိပါတယ်။

ဒေါ်ဘျားမာက နွေရာသီဆိုလို့ရှိရင် ချက်ပြုတ်ဖို့ဆို ရေမလှရင်လည်း သိမ်းရတာပေါ့နော်။ ပေပါမဟုတ်ရင်လည်း ဂါလန်ပုံးဝါတို့နဲ့အဲ့လို သိမ်းရတာပေါ့နော်။ ပြီးတော့မှ ချက်ဖို့အတွက် အဓိက ရည်ရွယ်ပြီးတော့မှ အဲ့မျိုးစုထား ရတာပေါ့နော်။ အဝတ်လျှော်ဖို့ ချိုးဖို့တောင်မှ တစ္ပုံးဆို အကယ်၍ လျှော်ပြီးသားရေကိုလည်း အိမ္သာထဲမွာ သွားထည့်ဖို့တို့ ပြီးရင် အဲ့မျိုးအပင်တွေဘာတွေ လောင်းဖို့လည်း လုပ်ရတာပေါ့။လို့ ဆိုပါတယ်။

အမျိုးသမီးဖြစ်တာကြောင့်လည်း ထော်လာဂျီရှိတဲ့ အမျိုးသားတွေကိုပဲ အားကိုးပြီး ရေရဖို့အတွက် အကူအညီ တောင်းနေရတယ်လို့ ဆိုပါတယ်။

ဒေါ်ဘျားမာအမျိုးသားကတော့ ရေရှာဖွေခပ်ယူပေးပေမယ့် ကလေးတစ်ဦးမိခင်ဖြစ်တဲ့ သူမကေတာ့ ကေလးကို နေ့တိုင်းတော့ ခြေလက်ဆေးပေးနိုင်ပေမယ့် ရေချိုးဖို့အတွက်ကတော့ တစ်ပတ်နှစ်ခါလောက်သာ ချိုးပေးနိုင်တယ်လို့ ဆိုပါတယ်။

ကျနော်တို့ နွေရာသီမှာ ရေအများကြီးအခက်အခဲရှိတော့ မိုးရာသီကေတာ့ အိမ်ခေါင်မိုးပေါ်မှာခံပြီးတော့ ကျနော်တို့ စားသောက်တယ်။ အခုနွေရာသီ သုံးလ၊ လေးလဆိုတော့ တအားအခက်အခဲရှိတယ် ကျနော်တို့မှာ။ အခုလောလောဆယ်က ဖရူဆိုကနေ ထားလဲသြယ္လာတဲ့ဟာက တစ်ခါတစ်လေ ပိုက်ပြတ်သွားတယ်။ နောက်ရေအားမရှိတာတစ်ခုလည်းပါတယ်။ နောက်ပြီးတော့ ဟိုဘက်လည်းယူလိုက်၊ ဒီဘက်လည်းယူ၊ ရွာလည်း တော်တော်ကြီးလာတော့ ရေက မလုံမလောက်ဖြစ်နေတယ်။ လို့ ဦးသဲရယ္က ဆိုပါတယ်။

ကျေးရွာလူထုအတွက် နွေရာသီသုံးဖို့ဆိုပြီး မိုးတွင်းကာလမှာ ရေသိုလှောင်နိုင်ရေးအတွက် အလှူရှင်တွေက ရေကန်ကြီးတစ်ကန်တည်ဆောက်ပေးထားပြီး မိုးရေလှောင်ထားတာရှိပါတယ်။

ဒီမိုးရေလှောင်ကန်ကို ဧပြီလလောက်မှသာ သုံးစွဲခွင့်ပြုဖို့ ရည်ရွယ်ထားပေမယ့် အခုချိန်ကတည်းက ရေက နှစ်ပေလောက် သူ့အလိုလို ကျသွားတာမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

မုဆိုးမဘဝနဲ့ ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့ ဒေါ်ပကူးမူကတော့ အိမ်သုံးဖို့အတွက် ရေရှာပြီး စုဆောင်းထားရတယ်လို့ ဆိုပါတယ်။

တခါတေလဆို ကျမအိမ်မှာ ချက်ပြုတ်ရင်းနဲ့ ရေသွားခပ်ရတာနဲ့ ဟိုစာ ရေသွားခပ်ရမှာလာ၊ ချက်ပြုတ်ရမှာလာ အဲ့လိုရှိတယ်နော်။ ရေသွားခပ်ရမယ့်အရေးလည်း အိမ်မှာ အလုပ်လုပ်ဖို့ရှိတယ်ဆိုတော့ ကလေးလည်း သွားမခပ်ပေးနိုင်သေးဘူး။ ကျမတစ်ယောက်ထဲပဲ သွားခပ်ရသေးတာပေါ့။

ဒီလို ရေအခက်အခဲကြားမှာပဲ ဒေါ်ပကူးမူကတော့ အရက်ချက်၊ ဝက်မွေးတဲ့လုပ်ငန်းနဲ့ သားသမီးနှစ်ယောက်ကို ရှာဖွေကျေွးနေရတာပါ။

လတ်တလောမှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောက်လုပ်ပေးထားတဲ့ ရေသိုလှောင် ကန်ထဲက ရေတွေကိုပဲ မှီခိုအသုံးပြုနေရပြီး နွေရာသီမှာ ရေပြတ်လတ်မယ့် အခက်အခဲနဲ့ရင်ဆိုင်ရမှာ ဖြစ်လို့ ရေလာလှူဒါန်းပေးဖို့ ကျေးရွာတာဝန်ခံက မေတ္တာရပ်ခံပါတယ်။

အခုလို နှစ်စဉ်ရေရှားပါးတဲ့ အခြေအနေကို ကြုံတွေ့နေလို့ ဒီအခက်အခဲကို ဖြေရှင်းပေးဖို့ အစိုးရဌာနဆိုင်ရာတွေကို တင်ပြတောင်းဆိုခဲ့ပေမယ့် အခြေအနေက ထူးခြားပြောင်းလဲလာတာမရှိပဲ မူရင်း အတိုင်း ရေက ခက်ခဲမြဲခက်ခဲနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts